Wednesday, June 8, 2016

သမိုင်းဝင်ချင်တာလား..သမိုင်းတွင်ချင်တာလား================================

၂၀၁၄ အမျိုးသားပညာရေးဥပဒေ မူကြမ်း အတွက် သပိတ်မှောက် တောင်း ဆိုခဲ့ တဲ့ အကျိုးဆက် အဖြစ် အစိုးရဖက်မှ တာဝန်ရှိသူ ပညာရေူး ကိုယ်စားလှယ် များ နှင့် ကျောင်းသားခေါင်းဆောင်များ ပညာရှင်များနဲ့  NEER အဖွဲ့ ဝင်များတွေ့  ဆုံ ညှိနှိုင်းခွင့်ရခဲ့  ပါတယ်။ဗကသ ကျောင်းသား များနှင့် တကသ ကျောင်းသားများ ပါဝင်တဲ့ ဒီလေးပွင့်ဆိုင်ပွဲ ဟာ အစိုးရဖက် မှ မသေချာ မရေရာတဲ့  အခြေအနေမှာ ရပ်ဆိုင်းနေစဉ် လက်ပံတန်းက ဗကသကျောင်းသား ထုကြီးရဲ့  ပင်မသပိတ် ကို ရက်စက်စွာ နှိမ်နှင်း ဖြို ခွဲခံ လိုက်ရပါတယ်။မူလက ဗကသ ခေါင်းဆောင် ၉ ဦး တကသ ခေါင်းဆောင် ၆ ဦး ဆေွးးနွေးပွဲ တက်ရောက်ခဲ့ ရာမှ အခု ဗကသ ခေါင်းဆောင်အချို့  ကထောင်ထဲရောက်ချိန်မှာတဖက်ကတကသကျောင်းသားတွေကို ဖိတ်ခေါ်ဆွေးနွေးခြင်းဟာ အစိုးရရဲ့  သဘောထားမမှန်တာကို ပြရာ ရောက်တယ်လို့ ယူဆကြပါတယ်။ ဗကသတွေအဖမ်းခံနေရတဲ့ အချိန်မှာ တကသတွေ နေရာ ဝင်ယူတယ်လို့ တောင် အထင်လွဲကြပါတယ်။ဗကသ နဲ့ တကသ အလံချင်းတောင်နှိုင်းယှဉ်လာကြပါတယ်။ထောင်ကျသူနဲ့  မကျသူ အခွင့်အရေးဆုံးရှူံးသူ နဲ့  အခွင့်အရေး ရရှိသူ ဖက်မှာ အသီးသီး ရပ်တည်ကြတဲ့  စကားသံတွကလည်း ဆူ ညံလာပါတယ်။်နောက်ပိုင်းမှာလည်း တကသကျောင်းသားခေါင်းဆောင်များကို ဖမ်းဆီး အကျဉ်းချခဲ့  ပါတယ်။၂၀၁၆ မှာ အစိုးရသစ်က ဖမ်းဆီးခံ ကျောင်းသား အားလုံးကို လွတ်ငြိမ်းခွင့်ပေးခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝ် ၁၉၃၆ ခု နှစ် မှာ ဒုတိယကျောင်းသားသပိတ် ကြီး ပေါ်ပေါက် ခဲ့ ရာမှာ တကသကျောင်းသားများမှ သည် ဗကသ ကျောင်းသားသမဂ္ဂ့  ဖွဲ့  စည်းကာ တာဝန်ယူပြီး မြို့နယ်များအထိစည်းရုံးရေး ဆင်းကာကျောင်းသားသပိတ်ကြီးကို ဦးဆောင်ပြီး ပညာရေး ဥပဒေကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့  ပါတယ်။ရွှေတိဂုံဘုရားခြေရင်းကဇရပ်မှာ သပိတ်စခန်းဖွင့်ပြီး အင်္ဂလိပ်အစိုးရကို တောင်း ဆိုခဲ့  ရာမှာ လိုက်လျောမှူ ရရှိလို့ သပိတ်လှန်ခဲ့ ပါတယ်။ဒီအချိန်ကတဲက တကသ နှင့် ဗကသအတူတကွ ပူးပေါင်းပြီးတိုက်ပွဲ ဝင်ခဲ့  လို့ အောင်မြင်မှု ရှိခဲ့ ပြီနောက်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ကိုလည်း ဖွဲ့စည်းခဲ့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်၁၉၃၇ မှာ ဗကသ ဥက္ကဌ အဖြစ်တာဝန်ယူခဲ့ပါတယ်။ဝန်ကြီးဦးနုက တကသ ဥက္ကဌ တာဝန်ယူပြီး တိုင်း ပြည်အတွက် အလုပ်လုပ်ခဲ့ကြပါတယ်။ကျောင်းသားများကိုလွတ်ငြိမ်းခွင့်ပေးပြီးနောက်ပိုင်း ဗကသ ကိုပြန်လည်ဖွဲ့စည်းနိုင်ေ၇း ကျောင်းသားထု ညီလာခံ ခေါ်ယူဖို့ကြိုးစားနေချိန်မှာဘဲ ရုတ်တရက်နိုင်ငံလုံးဆိုင်၇ာကျောင်းသားများ သမဂ္ဂ (နကသ ) ဆိုတာ ပေါ်ပေါက်လာပါတယ်။နကသ ဖွဲ့စည်းပြီး ၇က်ပိုင်းအတွင်းမှာဘဲ အစိုးရအဖွဲ့က ခေါ်တွေ့တာမျိုး လုပ်ခဲ့ပါတယ်။အသိအမှတ်ပြုတယ် လုပ်ပိုင်ခွင့်ပေးတယ်ဆိုတဲ့ အရှင်မွေး နေ့ချင်းပြီး ဘဝရောက်ခဲ့ပါတယ် ။ဗကသ မှာ သမိုင်း၇ှိတယ် ။သမိုင်းတွင်တဲ့အလုပ်တွေ လုပ်ခဲ့တယ်။သမိုင်းကို သွေးနဲ့ ရေးခဲ့ကြပါတယ်။ဒီလူတွေ မကြိုက်ရင် ကြိုက်တဲ့သူကို ရွေးချယ်ခွင့် ၇ှိပါတယ်။တိုင်းပြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။နကသမှာတပြည်လုံးကျောင်းသား ထောက်ခံမှူ ၇ှိ မ၇ှိ ရှင်းလင်းစွာ မသိ၇ပါဘူး။တကသ ကျောင်းသားအချို့နဲ့ မြေလတ်ကျောင်းသား တွေ ဖွဲ့စည်းပါဝင်တယ်လို့ သိရပါတယ်။ကျောင်းသားတွေ ပညာေ၇းပြင်ဆင်ဖို့ တောင်းဆိုထားတဲ့ လုပ်၇ပ်တွေ ဆက်လက်ရှေ့ဆက်ဆောင်၇ွက်ဖို့ သွေးနဲ့ချွေးနဲ့ ပေးဆပ်ခဲ့၇တဲ့ ဗကသ အဖွဲ့ကြီးကို ချန်ထားခဲ့ပြီး မိမိတို့ အစိုး၇စိတ်တိုင်းကျသူ လူနည်းစုကျောင်းသားနဲ့ ဖွဲ့စည်းခွင့်ပေးထားပြီးမြှောက်စားထားတာဟာ ကျောင်းသားကို ခါးပိုက်ဆောင်အိပ်ထဲ ထည့်နေတာနဲ့ တူနေပါတယ်။မြန့်မာ့သမိုင်းမှာ သမိုင်းတွင်ပြိးသား ဗကသ အဖွဲ့ကို မှေးမှိန်စေလိုသော ၇ည်ရွယ်ချက်နဲ့ နကသ ကို မြှောက်စားတယ်ဆို၇င်လည်း ကြာကြာခံမှာ မဟုတ်ပါဘူး။အစိုး၇ပေးမယ့် မြှောက်စားမှူကိုအခွင့်ထူးခံအဖြစ် အလုအယက်နေ၇ာလုရင်းနဲ့ဘဲ ကျဆုံး ရပါလိမ့်မယ်။သမိုင်းဝင်စရာ မ၇ှိသလို သမိုင်းတွင့်မယ့် လုပ်၇ပ်လည်း မ၇ှိတဲ့ နကသ လို့ ဘဲ တွေးမိပါတယ်။

No comments:

Post a Comment