ပြည်သူ့ပညာရေး မင်းဘဝစတေးပြီး တောင်းဆိုခဲ့တဲ့ငါတို့ရဲဘော်။မင်းကိုစစ်လော်ဘီတွေ၊ ကြားနေဝါဒီ(ဖိနှိပ်သူကိုအားပေးသူ)တွေကစိတ်ဓာတ်ကျအောင်ငါတို့ရဲ့တော်လှန်နေတဲ့အကြောင်းကို အပုပ်ချကြလိမ့်မယ်။မတွေဝေနဲ့ရဲဘော်ဘယ်တော့မှ မဟုတ်မတရားဝါဒဖြန့်မှုတွေကို အရှုံးမပေးလိုက်နဲ့။မင်းမှားဘူ။ ငါတို့အားလုံးမမှားခဲ့ကြဘူး။အမှန်တရားကိုကြွေးကြော်သံလုပ်ပြည်သူဗဟိုပြုပညာရေးစနစ်ရဖို့ကြွေးကြော်ခဲ့တယ်အတ္တမပါတဲ့ ပရတောင်းဆိုမှုတွေကြောင့်ငါတို့ဘယ်တုန်းကမှ မမှားခဲ့ကြဘူး ရဲဘော်။(လက်ရှိပညာရေးစနစ်ကို)စုတ်ပြတ်နေတဲ့ စစ်ကျွန်ပညာရေးလို့ကြွေးကြော်စစ်တစ်ပိုင်းအစိုးရရဲ့လူပေါ်လူဇော်လုပ်မှုကိုဆန့်ကျင်လို့အသေခံချီတက်ခဲ့ကြတယ်ငါတို့ဘယ်တုန်းကမှ မမှားခဲ့ကြဘူး ရဲဘော်။မသာအလောင်းတွေပေါ် အာဏာတည်ဆောက်လိုသူတွေခွေးထက်ယုတ်တဲ့ အယုတ်တမာကောင်တွေရဲ့ပြောင်ပြောင်တင်းတင်းညစ်စုတ်ပဲ့မှုတွေကြောင့်အလံကိုင်ထားတဲ့ငါတို့လက်တွေဒေါသတေနဲ့ တဆတ်ဆတ်တုန်ခါနေခဲ့ဒေါသတွေထွက်လဲ အဟိံသက္ကလမ်းစဉ်ကို ငါတို့ဖက်တွယ်ထားဆဲဦးခေါင်းထက်က သွေးတွေကျလဲငါတို့နှလုံးသားထဲက အမှန်တရားကြွေးကြော်သံတွေမပျောက်ဘဲကြံ့ကြံ့ခံ ရင်ဆိုင်နေကြဆဲ။ဒါကြောင့်ငါတို့ဘယ်တုန်းကမှ မမှားခဲ့ကြဘူး ရဲဘော်။ဘယ်သူမှအားမကိုးငါတို့လက်နဲ့ ခွပ်ဒေါင်းအလံကိုဆုပ်ကိုင်လို့ကြားနေဝါဒီတွေ ငါတို့လျစ်လျူရှုခဲ့ကြလဲ ငါတို့မမှုထောင်တန်းတွေကျ မသေရုံတမယ်အရိုက်ခံရလဲခုထိကြွေးကြော်သံတွေမပျောက်ဘဲ ဆက်တွန်းလှန်နေကြဆဲဒီမိုကရေစီပညာရေး ..... ဒို့အရေးငါတို့ကြွေးကြော်နေကြတယ်။ဒါကြောင့်ငါတို့ဘယ်တုန်းကမှ မမှားခဲ့ကြဘူး ရဲဘော်။မင်းသားခေါင်းဆောင်းထားတဲ့ပြုပြင်ပြောင်းလဲရေစီးထဲ ဒေါ်လာစားတွေမျောပါနေကြလဲငါတို့ကျောင်းသားစစ်စစ်တွေတော့မပါကျောင်းသားစိတ်ဓာတ် စစ်စစ်ပိုင်ဆိုင်ထားသူတွေတော့မပါရပ်တည်ချက်အမှန်နဲ့ ဆက်တွန်းလှန်ခဲ့ကြတယ်။ခုထိလဲတွန်းလှန်နေကြဆဲ။နောင်လဲ မတရားမှုမှန်သမျှတွန်းလှန်နေကြဦးမှာပဲ။ဒါကြောင့်ငါတို့ဘယ်တုန်းကမှ မမှားခဲ့ကြဘူး ရဲဘော်။မိဘတွေရဲ့စိုးရိမ်သံပြည်သူတွေရဲ့ငိုကြွေးသံဗမာပြည်မိုးကောင်းကင်ယံမကကောင်းကင်ပြာ တစ်ခုလုံးကို အုံ့မိုးသွားစေခဲ့ငါတို့မှာလဲ နှလုံးသားနဲ့ပါပဲ။စာနာတတ်တာပေါ့။ ကြင်နာတတ်တာပေါ့။ စိုးရိမ်တတ်တာပေါ့။မိဘတိုင်းအတွက် အနာဂတ်တွေတိုင်းအတွက် ငါတို့တော်လှန်နေတယ်။ငါတို့ရဲ့ ကိုယ်ကျိုးအတွက်မဟုတ်တံ့ ရပ်တည်ချက်ဟာဘယ်တုန်းကမှမပျောက်....ဒါကြောင့်ငါတို့ဘယ်တုန်းကမှမမှားခဲ့ကြဘူး ရဲဘော်။ခုလဲ မမှားဘူး။နောင်လဲ ဘယ်တော့မှမမှးဘူး။ကျောင်းသားအတွေးကျောင်းသားဉာဏ်နဲ့ရဲဘော်တို့လာစုရုံးနေသမျှ၊ငါတို့ရဲ့ရပ်တည်ချက်တွေမပျောက်သေးသမျှငါတို့ဘယ်တော့မှမှားမှာမဟုတ်ဘူးရဲဘော်။ဟေ့စစ်တပိုင်းစနစ်ဆိုးမင်းကိုဖြိုဖျက်ဖို့ ငါတို့လှမ်းတက်နေကြတယ်။
ဖြိုးဓန
No comments:
Post a Comment