ဗကသများ အဖွဲ့ချုပ် အလံမှာ အနီရောင်အောက်ခံတွင် ရွှေဝါရောင်ခွပ်ဒေါင်းသည် ရွှေဝါရောင်စက်ဝိုင်းအတွင်းတွင် ကိုယ်ပိုင်းကျရောက်လျက် ပါရှိစေရမည်။အလံ၏ အရွယ်ပမာဏမှာ အလျား (၉) ပေ , အနံ (၅) ပေ ဖြစ်သည်။ကြီးငယ်မဟူ ၄င်းအချိုးအစားအလိုက်ဖြစ်စေရမည်။
ဗကသများ အဖွဲ့ချုပ်၏တံဆိပ်မှာ ကမ္ဘာလုံးပုံသဏ္ဍာန် နောက်ခံစက်ဝိုင်းအတွင်းတွင် စာအုပ်ဖွင့်လျက်ပုံ ပါရှိစေ၍ စာအုပ်ပုံ၏လက်ဝဲဘက်နံဘေးတွင် မီးတုတ်က်ု လက်ဖြင့်ကိုင်ဆောင်ထားပုံကပ်လျက်ပါရှိစေရမည်။စက်ဝိုင်းအနားတစ်လျောက်တွင် ပတ်လည်ဝန်းရံလျက် မြန်မာဘာသာအားဖြင့်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် " အင်္ဂလိပ်ဘာသာအားဖြင့် " All Burma Federation of Student Unions " ဟုရေးသားရမည်။
ဗကသများအဖွဲ့ချူပ်၏ သီချင်းမှာ အောင်ပွဲဆက်ဆက်ခံဦးမည် ဖြစ်သည်။
"အောင်ပွဲဆက်ဆက်ခံဦးမည်"
ကျား ။ ။ ငါတို့ကျောင်းသား ပေါင်းစည်းလို့ညီရမည် - - အမျိုးသားရေးကို ကြိုဆိုဖို့ရည် - -
ဒီမိုကရေစီ ပညာရေးအတွက်ရည် - - တို့အသား တို့အသွေး စတေးလှူမည် - -
မ ။ ။ ငါတို့ကျောင်းသား ပေါင်းစည်းလို့ညီရမည် - - အမျိုးသားရေးကို ကြိုဆိုဖို့ရည် - -
လွတ်လပ်ခိုင်မြဲ အဓွန့်ရှည်ဖို့အတည် - - ပြည်ချစ်စိတ်ဓာတ် မွေးစို့ညီ - -
ကျား ။ ။ ဟေ - - ညီညီညာညာ - - လွတ်လပ်ရေးထိန်းသိမ်းမည် - - ဖက်ဆစ်ဝါဒီတိုက်ဖြတ်မည် -
ဟေ - - ညီညီညာညာ - - လွတ်လပ်ရေးထိန်းသိမ်းမည် - - နယ်ချဲ့ရန်ကို တွန်းဖြိုမည် - -
မ ။ ။ ကျောင်းသားအသိ နှင့် ကျောင်းသားအခွင့်တင်ပြမည် - - သွေးစည်းလို့ပင် ရာဇဝင်ခန်းဆက်ရှည်
ဘဝသစ်မုန်တိုင်း လှမ်းချီဖို့ရည် - - အောင်ပွဲဆက်ဆက် ခံဖူးသည်
ကျား ။ ။ ဟေ - - အောင်ပြီ အောင်ပြီ ငြိမ်းချမ်းရေးထိန်းသိမ်းမည် -
ဖက်ဆစ်ဝါဒီတိုက်ဖျက်မည် ဟေ - - အောင်ပြီ အောင်ပြီ ငြိမ်းချမ်းရေးထိန်းသိမ်းမည် - - နယ်ချဲ့ရန်ကိုတွန်းဖြိုမည် -
မ ။ ။ ကျောင်းသားအသိ နှင့် ကျောင်းသားအခွင့်တင်ပြမည် - - သွေးစည်းလို့ပင် ရာဇဝင်ခန်းဆက်ရှည်
ဗကသများအဖွဲ့ချုပ်ဦးဆောင် - အောင်ပွဲဆက်ဆက်ခံဦးမည် - - ။
No comments:
Post a Comment