Thursday, June 9, 2016

၊ ရ င် ကွဲေ တး ၊ ၊

ငြိမ်းဇေဦး၊

ဒီမယ်..ကိုရင်တို့ယုံစရာရှိမှခုံသမာဓိ ဖြစ်သတဲ့...။
ငွေနဲ့ လဲယူမှရတဲ့ ကုသိုလ်ရှားကြရတဲ့ကုသိုလ်နည်းသူတွေမှာဒါနနဲ့ သီလ တရံမှာ သီလသာကျန်တဲ့ခြေဖ၀ါးတွေနဲ့ အပူအားပြင်းပြင်းနွေအောက်လူသားအချင်းချင်း ခြေကျောက်တာခံရသူတို့ဟာအလုပ်သမား....ခုတော့ အချုပ်သားရေဘူးနဲ့ ဖိနပ်မပါ နွေအခါမှာ အသေအချာသိသပေါ့..........။

ထမင်း အလကားကျွေးပါစီးကရက်တစ်ဘူးမစပါ...
သဒ္ဒါကြေးလေးပေးသွားပါဒါတွေတခုမှ သူတို့မပြောခဲ့....။

နွေတံလျှပ် တလူလူကြားမျက်ရည်တွေနဲ့ ငို တောင်းသွားတာကတန်ရာတန်ရာ ရပိုင်ခွင့်လေးအစွန်းထွက်တန်ဘိုးတွေအတွက် သွေးဆာနေသူတွေဆီမှာ...။

အားကိုးတကြီး ခါးချိုးပြီး အရိုအသေပေးမျှော်လင့်ချက်ကလေးနဲ့အကူအညီတောင်းတိုင်တည်မိတာကမရှိတဲ့သိက္ခာတွေအတွက် အသရေဖျက်ခံရတယ်ထင်သူတွေဆီမှာ...။၂၁ ရာစု မြန်မာအလုပ်သမားတွေဟာ၁၇ရာစု အာဖရိကန် ကျွန်ဖမ်းပွဲတွေကလိုပိတ်ဝိုင်းချုပ်နှောင် ၊ ထောင်ကားပေါ်တင်ယဉ်ယဉ်လေးနှိပ်ကွပ်ခံရ.။

တောထဲမှာလဲတိုက်ပွဲတွေခြိမ့်ခြိမ့်သည်းသည်း၂၁ ရာစု ပင်လုံနဲ့ ရင်ခုန်ဦးမတဲ့....။

တကယ်တော့ ငါတို့ဟာမွေးကတည်းက သေဆုံးခဲ့ကြသူတွေကမ္ဘာမြေရဲ့ ကျိန်စာမြန်မာတွေရဲ့အိမ်ရာစိတ်နာမိရဲ့.............။ ။၊

ငြိ မ်းေ ဇ ဦး ၊
ဗဟိန်း | ဂျာ န ယ် |အတွဲ၊၂၊ အမှတ်၊၁၊။ကဗျာကဏ္ဍ။

No comments:

Post a Comment