"၆ သိန်း ကျော်ဖြေတယ်၊ ၁ သိန်း ၉ သောင်း ကျော်ပဲအောင်တယ်."....
ဝေဖန်စရာရှိတာဝေဖန်၊ပြု ပြင်စရာရှိတာပြုပြင်၊ပြင်ဆင်စရာရှိတာပြင်ဆင်ကြဖို့ကအချိန်ယူပြီးလုပ်ဆောင်ကြရမှာပါ။ဒါတွေအားလုံးထက်အရေးတကြီးအရင်ဆုံးလုပ်ရမှာက......စာမေးပွဲကျရှုံးတဲ့ကျောင်းသား ၄ သိန်း နီးပါးကိုစာသင်ခန်းတွေထဲပြန်ရောက်အောင်ဝိုင်းကြိုးစားကြဖို့ကကျွန်တော်တို့အားလုံးရဲ့တာဝန်ပါ။ဆယ်တန်းစာသင်ခဲ့တဲ့(၇)နှစ်အတွင်းမှာအများဆုံးကြုံတွေ့ခဲ့ရတဲ့ပြဿ နာကစာမေးပွဲတနှစ်(သို့)နှစ်နှစ်ကျတဲ့ကလေးတွေစာသင်ခန်းထဲပြန်မရောက်လာတော့တာဖြစ်ပြီးအများဆုံးအမေးခံရတာကဆယ်တန်းအောင်လို့တက္ကသိုလ်တက်ပြီးဘွဲ့ရပညာတတ်ဖြစ်တာနဲ့အဆင်ပြေတဲ့ဘဝတခုကိုရပါ့မလားဆိုတဲ့မေးခွန်းပါပဲ။အလွန်သိမ်မွေ့နက်နဲတဲ့ပြဿ နာကြီးတခုလုံးကိုမဖြေရှင်းနိုင်သေးတဲ့အချိန်မှာတိုင်းပြည်ရဲ့အနာဂါတ်လေးတွေကလေးအလုပ်သမားမဖြစ်အောင်၊စားပွဲထိုးမဖြစ်အောင်၊တိုင်းတပါးမှာငယ်ငယ်ရွယ်ရွယ်နဲ့ကျွန်သွားမခံကြရအောင်၊အချိန်မတန်ခင်ကြမ်းတမ်းတဲ့အလုပ်ခွင်မျိုးစုံထဲရောက်မသွားအောင်၊ယောင်လယ်လယ်ဝေလေလေမျိုးဆက်တွေမဖြစ်သွားအောင်၊မူးယစ်ဆေးရဲ့သားကောင်မဖြစ်သွားအောင်အားလုံးဝိုင်းပြီးကြိုးစားပေးကြပါ။(၂၀၁၆)ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲကျရှုံးသွားကြတဲ့ကျောင်းသားကျောင်းသူအားလုံးစာသင်ခန်းထဲပြန်လည်ရောက်ရှိကြပါစေ.....
မင်းသွေးသစ်
(အမျိုးသားပညာရေးဥပဒေသပိတ်မှောက်ကျောင်းသား)
No comments:
Post a Comment