အို - ကျဆုံးလေပြီးသောကျောင်းသားရဲဘော်အပေါင်းတို့ သင်တို့ ၏ ကြီးမြတ်၍ ဂုဏ်ထည်သောဝိညာဉ်ကို တိုင်တည်၍ငါ တောင်းဆိုပါအံ့။ငါတို့ ရဲ့ ခွပ်ဒေါင်းအလံ ပြန်ပေးငါတို့  အလံ ပြန်ပေး။အို - ကျဆုံးလေပြီးသူများတို့။သင်တို့ စွန့်လွှတ်အနစ်နာခံမှုများအပေါ်တွင်အပျော်ကြံ အခွင့်ကောင်းယူ၍ယခုအခါ သင်တို့ အား မညှာမတာပြစ်တင်စော်ကားနေသောယခုအခါ သင်တို့၏ ပညာရေးသပိတ်တိုက်ပွဲကိုသေးသိမ်မှေးမှိန်အောင်လုပ်နေသောယခုအခါ ပြည်သူလူထု၏ ယုံကြည်ကိုးစားမှုကိုအလွဲသုံးစားပြုနေသောထိုအတိုက်မခံများ၏လက်အတွင်းမှငါတို့၏ ခွပ်ဒေါင်းအလံကိုငါ ပြန်တောင်းဆိုပါ၏။အို - ရဲဘော်ကိုသက် ( ဗ က သ )အို - ရဲဘော်ကိုဗဆွေလေး ( တ က သ )သင်တို့ ၏သံမဏိနှလုံးသားများမှသူရဲကောင်းပီသစွာ ကျဆင်းစေးထန်းခဲ့သော သွေးအတိဖြင့်ငါတို့၏ခွပ်ဒေါင်းအလံသည်မိုးယံလွှင့်ချီ ချင်းချင်းနီဘိ၏။နေဝင်း - စန်းယု စစ်အစိုးရသန်းရွှေ - မောင်အေး စစ်အစိုးရသိန်းစိန် - မင်းအောင်လှိုင် စစ်အစိုးရစစ်အစိုးရအဆက်ဆက်ခေတ်အဆက်ဆက်စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တော်လှန်ခဲ့ကြအနာဂတ်ကို ချီတက်ခဲ့ကြဗ က သတ က သ။အို - အကျဉ်းထောင်ထဲတွင် ကျဆုံးခဲ့သောရဲဘော် ဆလိုင်းတင်မောင်ဦး။ကြိုးစင်ပေါ်က ထာဝရလင်းလက်တောက်ပနေသောသင့်ဝိညာဉ်ကို ဦးခိုက်ပူဇော်၍ငါတောင်းဆိုပါအံ့။ယုတ်မာကောက်ကျစ်သူသစ္စာဖောက်သူသူခိုးဓားရိုးကမ်းသူတို့၏လက်အတွင်းမှငါတို့၏သမိုင်းဝင်အလံတော်အားငါ ပြန်လည်ရယူလိုကြောင်းအတိအလင်းတောင်းဆိုပါ၏။အို - ရဲဘော်ဖုန်းမော်အို - ရဲဘော်သက်ဝင်းအောင်သင်တို့၏ ကျဆုံးမှုကို အလေးနီပြု မော်ကွန်းတင်၍ပြည်သူတရပ်လုံးကသင်တို့ပေးဆပ်မှုအတွက်သွေးမျက်ရည် သွင်သွင်ကျခဲ့ကြပါ၏။အို - ရဲဘော်ဝင်းမော်ဦးအို - ရဲဘော်ညိုမင်းထက်ထိုသွေးမျက်ရည်တို့ကား ယနေ့ တိုင်မခြောက်သေးထိုသွေးမျက်ရည်တို့ဖြင့် အထပ်ထပ်လိမ်းကျံစေးကပ်လျက်ငါတို့ရဲ့မဟာခွပ်ဒေါင်းအလံသည်ယခုတိုင် စိမ်းစိုနီမြန်းတိုက်ပွဲခေါ်နေဆြဲဖစ်ပါ၏။အို - ကျဆုံးလေပြီးသောပန်းပွင့်များကြယ်တာရာများတောတွင်းအကျဉ်းထောင်အတွင်းကျောင်းတွင်းပဲခူးရိုးမပေါ်ကတ္တရာလမ်းမပေါ်ကျွန်းပေါ်သင်တို့  ကျဆုံးခဲ့သော်လည်းသင်တို့ရဲ့အလံကား ဘယ်တော့မှ မလဲ။သင်တို့အထံမှငါတို့အထံသို့၁၉၆၂ ဆဲဗင်းဂျူလိုင်မှ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းသို့ ခွပ်ဒေါင်းအစဉ်အလာရာဇဝင်မော်ကွန်းအိုင်ထွန်းနေတဲ့သွေးတွေက သက်သေခံခဲ့ပြီ။အို - ကျဆုံးလေပြီးသောကျောင်းသားသူရဲကောင်းအပေါင်းတို့။သင်တို့၏ အရိုးပုံများမှ ခွကျော်ပြီးသင်တို့၏တိုက်ပွဲဝင် အလံတော်အား ပြောင်ပြောင်တင်းတင်းမိတ္တူကူး ခိုးယူ၍ယခုအခါ သင်တို့၏ ခရီးရှည်ချီတက်ပွဲကိုလည်း ဆန့်ကျင်သင်တို့၏ အကျဉ်းထောင်ထဲတွင် အဖမ်းခံနေရသည်ကိုလည်းမသိကျိုးကျွံပြုနေသော-ယခုအခါ ပြည်သူလူထုအားလည်းစစ်အာဏာရှင် ဖက်ဆစ်သံဖနောင့်အောက်ပြားပြားမှောက် ကြောက်စိတ်နှင့်ဖားဝပ်ဝပ်နေအောင်သွေးဆောင်ဖြားယောင်း ဖျောင်းဖျနားချနေသော-သွေးကြောင်သူရွေးကောက်ပွဲမဲဆာလောင်သူတိုက်ပွဲရှောင်အချောင်သမားများ၏လက်အတွင်းမှသူတို့ ဗြောင်ခိုးယူထားသောငါတို့၏ ခွပ်ဒေါင်းအလံအားပြန်ပေးရန်ငါ ဟစ်အော်တောင်းဆိုပါ၏။ငါတို့ခွပ်ဒေါင်းအလံ ပြန်ပေးငါတို့ရဲ့သမိုင်းဝင် ခွပ်ဒေါင်းအလံ ပြန်ပေး။ငါတို့၏ခွပ်ဒေါင်းအလံသည်ဖောက်ပြန်လိမ်ညာရဲသူ သူတို့နှင့်လားလားမှ မထိုက်တန်။ယခုအခါသူရဲဘောကြောင်ရုံသာမဟုတ်ရန်သူနှင့်ပါစေ့စပ်ကာကျောင်းသားနှင့်ပြည်သူကိုရက်စက်စွာသတ်သောရန်သူ၏သေနတ်ပြောင်းများကိုပင်ဂုဏ်ယူစွာနမ်းရှိုက်ဝံ့သူ လူမိုက်များ၏လက်အတွင်းမှငါတို့၏ အစဉ်အလာခွပ်ဒေါင်းအလံအား ပြန်ပေးရန်ငါ ရာဇသံပေးတောင်းဆိုပါ၏။အို - ကျဆုံးလေပြီးသောသူရဲကောင်းကျောင်းသားအပေါင်းတို့ ။ငါသည် သင်တို့၏ ရဲရင့်တော်လှန်သော ဝိညာဉ်တော်ကို တိုင်တည်၍အရေးတော်ပုံ မပြီးဆုံးမချင်းအခါခါကြွေးကြော်တောင်းဆိုပါ၏။ငါတို့  ခွပ်ဒေါင်းအလံ ပြန်ပေးငါတို့ ခွပ်ဒေါင်းအလံ ပြန်ပေးငါတို့ ခွပ်ဒေါင်းအလံ ပြန်ပေး။ ။
( ဗ ... သို့ )
အောင်ဝေးcredit ကိုNyan Zaw
၎ - ၉ - ၂၀၁၅
Sunday, June 26, 2016
"ငါတို့  ခွပ်ဒေါင်းအလံ ပြန်ပေး"======================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment