တိုင်းပြည်နဲ့ ပြည်သူပြည်သားတွေ သားသမီးတွေဖြစ်တဲ့ ကျောင်းသားကျောင်းသူတွေဟာ တိုင်းရေးပြည်ရာကိစ္စရပ်တွေ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အမြဲသတ္တိရှိရှိနဲ့တက်တက်ကြွကြွနဲ့ ကူညီဆောင်ရွက်ပေးကြဖို့ရာ သမဂ္ဂမှာ ပါဝင်ကြရမယ်...မလိုအပ်ချိန်မှာကျောင်းတွင်းရေးကိစ္စရပ်တွေ စည်းရုံးရေး ၊ လေ့လာသင်ယူမှုတွေနဲ့ ရှိမယ် ...လိုအပ်လာရင် တိုင်းရေးပြည်ရာကိစ္စရပ်တွေမှာပါဝင်ကူညီရမယ်...ဒီနေရာမှာ မူ ၅ ချက်ဟာ ဘယ်တော့မှ ရိုးမသွားတဲ့ `စံ´ တွေပါပဲ..
၁. အမျိုးသားရေး(ဝါ) စစ်အာဏာရှင်ဆန့်ကျင်ရေး (အခုထိ)
၂. ဒီမိုကရေစီရေး
၃. ဒီမိုကရေစီပညာရေး
၎. ကျောင်းသားထုအခွင့်အရေးကာကွယ်စောင့်ရှောက်ရေး
၅. ငြိမ်းချမ်းရေးဒီမူတွေပေါ်ရပ်နေသ၍ ခေတ်အဆက်ဆက် ကျောင်းသားထုရဲ့ကျေးဇူးနဲ့ သမိုင်းပေးတာဝန်ကို ဆက်လက်ထမ်းဆောင်နေတယ်လို့ ပြောရမှာပါ... ဒီတိုင်းပြည်မှာနေသ၍ တိုင်းပြည်ကောင်းရာကောင်းကျိုးအတွက် ပါဝင်ဆောင်ရွက်ရမှာပါ .. ကျောင်းသားဖြစ်နေသ၍ ကျောင်းသားဝတ္တရားကို မဖြစ်မနေ ကျေပွန်ရမှာပါ... အဲ့ဒီလို ကျေပွန်ဖို့ သမဂ္ဂက အသင့်ရှိနေပါတယ်...သမဂ္ဂဆိုတာ ပါဠိဘာသာစကားကလာပြီး ဗမာလို အဖွဲ့အစည်းလို့ အဓိပ္ပါယ်ရပါတယ် ... ကျောင်းသားသမဂ္ဂဆိုတာ ကျောင်းသားအဖွဲ့အစည်း ကျောင်းသားကျောင်းသူတွေ ပါဝင်ကြပါတယ်ကျောင်းတွင်းရေးကိစ္စရပ်များမှာ ဖြစ်ဖြစ် ကျောင်းသားထုရဲ့အခွင့်အရေးကို တောင်းဆိုတဲ့အခါတစ်ဦးချင်းတစ်ယောက်ချင်းဆီ တောင်းဆိုနေမယ့်အစား အစုလိုက် အားပါပါ တောင်းဆိုနိုင်မှသာ ထိရောက်မယ် (တစ်ယောက်ချင်းဆီထက် ``ထု´´ က ပိုအားရှိတယ်)ရေရှည်ဘဝတစ်လျှောက်မှာ အစုအဖွဲ့နဲ့ လုပ်ကိုင်နိုင်တဲ့ စွမ်းရည်တွေ ထက်မြတ်လာမှာဖြစ်တယ်.... တက္ကသိုလ်ဆိုတာ ဘဝအတွက် အစမ်းလေ့ကျင့်ရာကွင်းဖြစ်တယ် ။ တက္ကသိုလ်မှာ ဘဝတစ်လျှောက်လုံး ကြုံတွေ့ရမယ့် အခက်အခဲ အတားအဆီးတွေ ကျော်ဖြတ်တဲ့နေရာမှာ ဘယ်လောက်ဇွဲသတ္တိရှိရှိ ခေါင်းဆောင်ကောင်း ၊ နောက်လိုက်ကောင်း ပီသစွာ ဖြတ်ကျော်နိုင်ဖို့ရာ သမဂ္ဂဟာ အထိရောက်ဆုံး လေ့ကျင့်ရေးကွင်းပဲ...တစ်ချိန်မှာ နိုင်ငံရဲ့ခေါင်းဆောင်ကောင်း ၊ တက်ကြွတဲ့ ၊ တာဝန်ကျေတဲ့ နိုင်ငံ့သားကောင်းတွေကို သမဂ္ဂက မွေးထုတ်ပေးခဲ့ ၊ မွေးထုတ်နေဆဲဖြစ်တယ်.......
မဖြိုးဖြိုးအောင်
Copy by WYUSU(ABFSU) page
No comments:
Post a Comment