Friday, June 10, 2016

အကသရဲဘော်များ စည်းရုံးခြင်း…………………………

ည်းရုံးရေးနဲ့လေ့လာရေးအင်မတန်အရေးကြီးပါတယ်
၁။လေ့လာရေးလက်ရှိအချိန်ဟာ ကျောင်းတွေပိတ်ထားတဲ့အချိန်ဖြစ်နေပါတယ်။သမဂ္ဂဝင်ကျောင်းသားတိုင်း ယခုလိုကျောင်းပိတ်ချိန်မှာ လေ့လာရေးကိုပြင်းပြင်းထန်ထန်ပြုလုပ်ကြဖို့အကြုံပြုပါရစေ။လေ့လာရေးဟာတော်လှန်တိုးတက်တဲ့သမဂ္ဂဝင်ကျောင်းသားတိုင်းမဖြစ်မနေလုပ်ဖို့လိုပါတယ်။လေ့လာရေးဟာ ဘာနဲ့အလားသဏ္ဍာန်တူသလဲဆိုရင် ထွန်းလင်းတောက်ပတဲ့ဗမာပြည်ရဲ့ အနာဂတ်ကိုမြင်နိုင်စေမယ့်စက္ခုနှစ်ကွင်းနဲ့တူပါတယ်။ လေ့လာရေးမရှိရင်ဗမာပြည်လွတ်မြောက်ရေးလမ်းကြောင်းကို လျောက်လှမ်းရာမှာစက္ခုနစ်ကွင်းအလင်းမရတဲ့အကန်းပမာစမ်းတဝါးဝါးနဲ့ ခရီးမတွင်နိင်ပါ။လေ့လာရေးဆိုတဲ့နေရာမှာ-
၁။ ပြည်သူလူထုရဲ့ ပကတိဘဝနဲ့ဆက်စပ်နေတဲ့နိုင်ငံရေးအခြေအနေ
၂။ ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်း
၃။ ဗမာ့နိုင်ငံရေးသမိုင်း
၎။ ဒီမိုကရေစီပညာရေးနဲ့ ဆက်စပ်နေတဲ့အကြောင်းအရာများ
၅။ နိုင်ငံရေးအတွေးအခေါ်သဘောတရားများကိုအထူးလေ့လာဖို့ အကြုံပါရစေ။
စည်းရုံးရေးစည်းရုံးရေးမရှိတဲ့အဖွဲ့အစည်းဟာဘီးမပါတဲ့ကားလိုခရီးမရောက်နိုင်ပါ။ ဗကသများအဖွဲ့ချုပ်ရဲ့ရှည်လျားတဲ့ သမိုင်းဖြစ်စဉ်မှာ ခရီးရောက်အောင် အလုပ်လုပ်ဖို့ စည်းရုံးရေးဟာ အခရာကျပါတယ်။ဗကသက ပြည်သူနဲ့တသားထဲ၊ ကျောင်းသားထုနဲ့တသားထဲ ရပ်ခဲ့တယ်ဆိုတာ သမိုင်းသက်သေပါ။ကျောင်းသားထုရဲ့အသံဟာ ဗကသရဲ့တိုက်ပွဲခေါ်သံဖြစ်ရပြီး ပြည်သူလူထုအသံဟာဗကသရဲ့ လမ်းစဉ်ဖြစ်ရပါမယ်။ကျောင်းသားသမဂ္ဂဟာ ကျောင်းသားထုရဲ့ထောက်ခံမှုရဖို့ အလွန်အရေးကြိီးပါတယ်။ ကျောင်းသားထုဟာ ဗကသရဲ့အမာခံအားဖြစ်ရမယ်ဆိုတဲ့ စိတ်ဓာတ်ကိုလည်းနက်နက်ရိုင်းရှိုင်း နှလုံးသွင်းနားလည်ထားရမှာဖြစ်ပါတယ်။ ဗကသရဲဘော်အသစ်များ ဗကသမှာ ပါဝင်လှုပ်ရှားလာဖို့အရေးဟာ လက်ရှိဗကသရဲဘော်များရဲ့ တာဝန်ဖြစ်ပါတယ်။
ကျောင်းပြန်ဖွင့်ရင်
၁။ ဗကသရဲဘော်မျိုးဆက်သစ်များပါဝင်လာဖို့
၂။ ကျောင်းဝင်းထဲမှာသမဂ္ဂရဲ့အခန်းကဏ္ဍတွင်ကျယ်လာစေဖို့ကြိုးပမ်းလုပ်ဆောင်ကြပါစို့။
လေ့လာရေးနဲ့စည်းရုံးရေးဟာအင်မတန် အရေးကြီးပါတယ်ခင်ဗျာ

အောင်မြင့်မြတ်(မြင်းခြံ)
ဗဟိန်းဂျာနယ
27.4.2016

No comments:

Post a Comment