Tuesday, June 21, 2016

ABFSU

၁၉၃၆ ကျောင်းသားသပိတ်ကြောင့်တစ်ပြည်လုံး ကျောင်းသားတွေ နိုးကြားတက်ကြွလာကြပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗကသ) ကိုဖွဲ့နိုင်ခဲ့တယ် ။ ဗကသ ဖွဲ့စည်းနိုင်ခဲ့တဲ့အတွက် ကျောင်းသားသမဂ္ဂတွေဟာ အမျိုးသားရေးကိစ္စတွေမှာ ပါဝင်လှုပ်ရှားနိုင်ဖို့ ပိုပြီး အခွင့်သာခဲ့တယ် ။ကျောင်းသားသမဂ္ဂတွေကို အစိုးရအဆက်ဆက်က ကြိုးကိုင်ခြယ်လှယ်ဖို့ ကြိုးစားခဲ့ကြတယ် ။ အင်္ဂလိပ် အစိုးရကစပြီး လွတ်လပ်ရေးရပြီးဖဆပလ . ပထစ အစိုးရတွေ အထိ ကျောင်းသားသမဂ္ဂ တွေမှာ အစိုးရသြဇာခံ အလိုတော်ရိတွေကပဲ လွှမ်းမိုးခြယ်လှယ် ကြိုးကိုင်နိုင်ဖို့ ပုံစံမျိုးစံ ကြိုးစားခဲ့တယ် ။တစ်ချိန်တည်းမှာပဲ အစိုးရ ရဲ့ အတိုက်အခံ ပါတီ တွေအဖွဲ့အစည်းတွေကလဲ သူတို့ကိုလိုလားတဲ့ ကျောင်းသားတွေရဲ့ ဦးဆောင်မှု ရအောင် ကြိုးပမ်းခဲ့တာတွေရှိခဲ့တယ် ။ ကျောင်းသားသမဂ္ဂ တွေကိုဖျက်သိမ်းပြီး သမဂ္ဂ အဆောက်အအုံ ဖြိုချဖျက်စီးခဲ့တဲ့ ဗိုလ်နေဝင်းရဲ့ မဆလ စစ်အာဏာရှင် လမ်းစဉ်ပါတီ ခေတ်မှာတောင် ကျောင်းသားတွေကို အစိုးရသြဇာခံ ကျောင်းသားတွေဖြစ်အောင် လမ်းစဉ်လူငယ်အဖွဲ့အစည်းတွေနဲ့ ကြိုးကိုင်ခဲ့တယ် ။ကျောင်းသားသမဂ္ဂတွေဆိုတာ ဘယ်ခေတ်မှာမှ အစိုးရလက်ကိုင်ဒုတ် မဖြစ်ခဲ့သလို နိုင်ငံရေးပါတီတွေရဲ့ လက်ကိုင်ဒုတ် မဖြစ်ခဲ့ပါဘူး ။ကျောင်းသားသမဂ္ဂ သမိုင်းမှာ အစိုးရ အဆက်ဆက်က ကျောင်းသားသမဂ္ဂတွေကို သူတို့သြဇာခံ ဖြစ်စေချင်ခဲ့ကြတယ် ။ ဒါကြောင့်လဲ အစိုးရကြိုးကိုင်ထားတဲ့ ကျောင်းသားအဖွဲ့အစည်းတွေဖွဲ့ပြီး တကသ မှာ ဗကသ မှာ လွှမ်းမိုးနိုင်ဖို့ ကြိုးစားခဲ့တယ် ။ ဖဆပလ အစိုးရဟာ ဒီအက်စ်အို . ရဲခေါင် အပါအဝင် အခြားနံမည် တွေနဲ့ တကသ ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ ကြိုးစားခဲ့သလို..ဗကသ (ဒီမိုကရက်တစ်ကျောင်းသားများအဖွဲ့)ဆိုတာမျိုးတွေ ဖွဲ့ပြီး ကျောင်းသားထု သြဇာခံရဖို့ ကြိုးပမ်းခဲ့ကြတယ် ။သန့်ရှင်းကျောင်းသားများ ဆိုတာတွေကို အစိုးရက သူတို့ ခါးပိုက်ထဲ ထည့်ထားနိုင်ခဲ့တယ် ။ဒါပေမဲ့ အစိုးရက သူ့ အာဏာတွေ ငွေအားလူအားတွေ သုံးလာပြီး ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲတွေမှာ ဝင်ရောက် စွက်ဖက်လာတဲ့အခါသာမန်ကျောင်းသားတွေကတောင် အမြင်ကပ်လာပြီး အစိုးရ အလိုတော်ရိ ကျောင်းသားတွေကို ဆန့်ကျင်လာကြတယ်။ အဲ့ဒီအခါမှာ အစိုးရ ဘက်က အတိုက်အခံ ကျောင်းသားလို့ သတ်မှတ်ထားတဲ့ ကျောင်းသားတွေကပဲ သမဂ္ဂမှာနေရာ ရလာခဲ့တယ်။အဲ့ဒီအမှုဆောင်အဖွဲ့တွေဟာ ကျောင်းသားအခွင့်အရေး ဒီမိုကရေစီပညာရေးဒီမိုကရေစီရေး ငြိမ်းချမ်းရေး ကိစ္စတွေကို တစတစ တစ်နှစ်တစ်နှစ် တိုးမြှင့် ပြော လာတဲ့ အခါ ......ကျောင်းသားသမဂ္ဂကို တံဆိပ်မျိုးစုံကပ် ပုဒ်မ မျိုးစုံ တပ်ပြီး တိုကိခိုက်တာတွေဖြစ်ခဲ့တယ် ။ နိုင်ငံရေးပါတီတွေနဲ့ တောတွင်းက သူပုန်တွေရဲ့ သြဇာခံ ကိုယ်စားလှယ်တွေဆိုပြီးတိုက်ခိုက် ခဲ့ပါတော့တယ် ။တကယ်လို့သာ အဲ့ ဒီအစိုးရတွေရဲ့ သြဇာခံ ကျောင်းသားအဖွဲ့အစည်းတွေကသာ တကသမှာ ဗကသမှာ ဦးဆောငိမှု ရနေခဲ့ရင် ဒီလိုစွပ်စွဲတိုက်ခိုက်တာတွေ ကနေ နောက်ဆုံး ဇူလိုင် ၇ရက် ၈ရက် သွေးချောင်းစီးလူသတ်ပွဲတွေနဲ့ သမိုင်းဝင် အဆောက်အုံ ဖြိုချမှုတွေ ဖြစ်ခဲ့မှာ မဟုတ်ပါဘူး ။ မဆလ ခေတ်မှာလမ်းစဉ်လူငယ် ကျောင်းသားတွေကို မြှောက်ပေးထားသလို အစိုးရတွေက မြှောက်ပေးထားခဲ့မှာ သေချာပါတယ် ။၁၉၆၂ ကနေ ဒီနေ့ချိန်ထိ ဗကသများအဖွဲ့ချုပ် ဟာ ခုတ်လို့ မပြတ် သတ်လို့ မသေတဲ့ တိုက်ပွဲဝင် ငှက်ဘဝနဲ့ ဘယ်လိုသတ်သတ် မသေခဲ့ဘဲ မျိုးဆက်သစ် အဆက်ဆက်ရဲ့အမွေကို ဆက်ခံတဲ့ ခွပ်ဒေါင်းမျိုးဆက်တွေ ဆကိပြီးပေါ်နေတုန်းပါပဲ ။

နောင်ကျော် ၏ လွတ်လွပ်ရေးခေတ်အိုးဝေမဂ္ဂဇင်းထဲက ခွပ်ဒေါင်း စာအုပ်၏ ကောက်နုတ်ချက် ။

ယခုလဲ နကသ ဆိုပြီး ဗကသ ကို စင်ပြိုင်တိုက် သတ်ဖို့ကြိုးစားပြန်ပြီ .......

No comments:

Post a Comment