Saturday, June 11, 2016

ပညာရေး

ပညာရေး စနစ် ကို ပြောင်းလဲဖို့ အချိန်တန်ပြီ ဒီမိုကရေစီရေးအတွက် ပညာရေးကို မပြောပဲ နှုတ်ဆိတ်ခဲ့တာ ၂၇ နှစ် ကျော်လာ ပြီ ကလေးတွေ ထိခိုက်တယ်။ ကျောင်းသား ၄ သိန်း ကျော်စာမေးပွဲ ကျတာဟာကျောင်းသားတွေကိုအပြစ်ပြော လို့ မရပါ။ အပြစ်ပြောရမှာကတော့ ပညာရေးစနစ်ဆိုးကိုပဲဖြစ်ပါတယ်။ဒီကိစ္စကို ကျနော်တို့ ပြောရတော့မယ်။ ဦးနေ၀င်း ဒေါက်တာညီညီ ပညာရေးစနစ်ကို ဆက် ပြီး မကျင့်သုံးကြတော့ဖို့  ကျနော်တို့ ပြောရမယ်။ကျနော်တို့ ခေတ် ကတည်းက မှားလာတဲ့ ပညာရေးစနစ်ကို ပြုပြင်ဖို့ ကျနော်တို့  မပြောရင် ဒီမိုကရေစီ တည်တန့့် ခိုင်မြဲရေးဆိုတာ အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး။ပညာရေး ပြု ပြင်ပြောင်းလဲ မှု ကို လုပ်ဖို့ ကျနော်တိုက်တွန်းချင်တယ်။ထိုင်း၊ စင်္ကာပူ ၊ ဂျပန် တို့  မှာ ကျင့်သုံးလာတဲ့ လစ်ဘရယ် ပညာရေး စနစ်ကို ကျနော်တို့  ကျင့်သုံးဖို့ လိုလာတယ်။ပညာရေးလွတ်လပ်ခွင့်ပေးပါ။ အထက်တန်း အထိ အခမဲ့ ပညာရေးစနစ် ကိုကျင့်သုံးပါ။အစိုးရ စစ်စာမေးပွဲတွေကို ဖျက်သိမ်းပါ။ ၃ နာရီထဲစစ်တဲ့ မှားယွင်းတဲ့ စာမေးပွဲ အပတ်စဉ် စစ်ဆေးတဲ့စနစ်ကိုကျင့်သုံးဖို့ လိုပါတယ်။ပုဂ္ဂလိက ကျောင်းတွေ တည်ထောင်ဖို့ လိုတယ် ကျောင်းတိုင်းဟာလွတ်လပ်စွာ သင်ရိုးညွန်းတမ်းကိုရေးဆွဲခွင့်ရှိရမယ်။ကျောင်းသားတိုင်း ဟာ အထက်တန်း အောင်ရင် ကိုယ်ကြိက်ရာဘာသာရပ်ကိုသင်ယူခွင့်ရှိရမယ်။ပညာသင်ကြားလိုသူတိုင်း ပညာသင်ကြားခွင့်ရှိရမယ်။ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် ကျောင်းကို ပြန်လာခွင့်ရှိစေရမယ်။ကျောင်းသားတွေကိုအဖြူ အစိမ်း ယူနီဖေါင်း ၀တ် ပြီး တနိင်ငံလုံး ပုံစံတူသွပ်သွင်းမှုကို ရပ်ဆိုင်းဖို့ လိုတယ်။ ကျောင်းတိုင်းဟာကိုယ်ကြိက်ရာယူနီဖေါင်း တီရှပ်တွေကို လုပ်ခွင့်ရှိရမယ်။

Credit ကိုမိုးသီးဇွန်

No comments:

Post a Comment