Saturday, June 11, 2016

တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် သူတို့၏ဟြေစကား……………


တဘာသာ ကျတာနဲ့. ဆယ်တန်းကိုချပစ်တဲ့စံနစ် ကမ္ဘာ့ခေတ်မီဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ မကျင့်သုံးတော့တာကြာပါပြီ...ကလေးတွေ ကျောင်းသားမိဘတွေ အရမ်းနစ်နာပါတယ်..အခု လက်ရှိ ခေတ်မမီတဲ့ ဗမာ့ပညာရေးစံနစ်ကိုပြုပြင်ပြောင်းလဲကြပါတော့လို့. တောင်းဆိုအပ်ပါတယ်..ဆယ်တန်းမှာ ဘယ်နှစ်မှတ်ဘဲရရ. ကောလိပ်ဆက်တက်ခွင့်ရှိပါတယ် Australia နိုင်ငံမှာပါ...China မှာလည်း ကျင့်သုံးနေပါတယ်..ကောလိပ်တွေမှာလည်းUniversity တွေမှာလို ဘာသာရပ်ပေါင်းစုံသင်ယူခွင့်ရှိပါတယ်...တမြို့နယ်မှာ အနည်းဆုံး ကောလိပ်တခုရှိပါတယ်..ကောလိပ်မှာ၆ လ. တနှစ် ၂ နှစ်လောက်သင်လိုက်ရင် Diploma တခု ရပါတယ်..ပြီးရင်Uni မှာ 2nd year ကနေ စတက်လို့ရပါတယ်...၂ နှစ် Diploma တက်ခဲ့တဲ့သူတွေဆို..တချို့  Uni တွေမှာ 3rd year ကနေ စတက်ခွင့်ပေးပါတယ်...အချိန်ရော ငွေရော လူရော သက်သာအဆင်ပြေစေဖို့. တခြားနိုင်ငံတွေမှာ လုပ်ဆောင်နေကြတာတွေကို..ဗမာပြည်အနေနဲ့..အတုယူလေ့လာသင့်ပါကြောင်း..တဘာသာ ၂ဘာသာလောက်..အမှတ်ကလေးနဲနဲလေး မပြည့်ယုံနဲ့. ဆယ်တန်းကျောင်းသားတွေကို အတန်းချနေတဲ့စံနစ်ဟာတိုင်းပြည်အတွက်ရော လူငယ်တွေရဲ့. အနာဂါတ်ကိုရိုက်ချိုးဖျက်ဆီးပစ်နေတဲ့ စံနစ်ဆိုးဖြစ်ပါတယ်..ဗမာပြည်ရဲ့. ပညာရေး စံနစ်ဆိုး အမြန်ဆုံးကျရှူံးပါစေ..ဆယ်တန်းပြီးသွားတဲ့ ကျောင်းသားကျောင်းသူတွေ တက္ကသိုလ်ကို လွယ်ကူချောမွေ့စွာ လှမ်းတက်နိုင်မဲ့ Bridges နဲ့တူတဲ့ ဘာသာရပ်ပေါင်းစုံသင်တဲ့ ကောလိပ်တွေ ဗမာပြည်မှာ အမြန်ဆုံးပေါ်ထွန်းလာပါစေ..ပန်းတိုင်းပွင့်နိုင်ကြပါစေ..May all flowers bloom.Take action now!Credit -Home White Littleဗမာပြည် ၁၀ တန်းနဲ့ တောင်ကိုးရီးယား၊ ဟောင်ကောင်၊ တရုတ်၊ အိန္ဒိယတို့က တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေကို နားလည်တတ်ကျွမ်းသူတွေ နှိုင်းယှဉ်ကြည့်စေချင်တယ်။အဲ့နိုင်ငံတွေမှာလဲ အထက်တန်းကျောင်းထွက်လက်မှတ်စာမေးပွဲတွေဟာ အင်မတန် ဘဝကိုအဆုံးအဖြတ်ပေးတဲ့စာမေးပွဲတွေဖြစ်နေပြီး ကျူရှင်တွေ၊ ခိုးချတာတွေ၊ ကွကိုယ်သတ်သေတာတွေ အင်မတန်များတဲ့ နာမယ်ကျော်စာမေးပွဲ တွေ ဖြစ်နေတယ်။ဒီစာမေးပွဲတွေဟာအင်္ဂလန်က GCE အမေရိကန်က SAT တွေနဲ့ မတူတဲ့ပုံစံ ဖြစ်နေတယ်။

ကိုအောင်သောင်းဦး

No comments:

Post a Comment