ဇူလိုင်(၇)ရက်ဥဒါန်း*******************
( အဆောက်အဦကိုသာဖြိုလို့ရမယ်
အမောင်တို့ရင်ထဲက
သမဂ္ဂစိတ်ဓါတ်ကိုတော့
ဘယ်သူမှဖြိုလို့မရဘူး )
(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)
နေမဝင်အင်ပါယာ
ဖက်ဆစ်သံခွါ
အမျိုးသားဖက်ဆစ်ဝါဒ
အဓမ္မဝါဒီ
ဗမာပြည်အမှောင်ခေတ်
တပ်ဦးစစ်မျက်နာက
အစဉ်အလာသမိုင်း
မုန်တိုင်းထဲကဗ္ဗည်း
သွေးစည်းနီ၍ချီခဲ့သော
ဗမာပြည်လွတ်မြောက်ရေးတပ်ဦးအလံ
ံခွပ်ဒေါင်းအလံတော်အောက်က
တောက်ပခဲ့တဲ့ရာဇဝင်တွေ
ွဤမြေအနှံ့လွင့်ပျံ့စီးဆင်းခဲ့ ။
ဇူလိုင်(၇)ရက်ဆိုတာ
တော်လှန်ရေးကောင်စီအမည်နာမနဲ့
စစ်အာဏာရှင်စနှစ်ကို
ကန့်ကွက်တော်လှန်ရာမှ
ှအစပြုခဲ့တဲ့အရေးတော်ပုံဖြစ်တယ် ။
အစွယ်တပြူးပြူးထွက်နေတဲ့
ဗိုလ်နေဝင်းရဲ့စစ်ဘီးလူးတွေက
ကျောင်းသားသမဂ္ဂရဲ့သမိုင်းဝင်
အစဉ်အလာကောင်းနဲ့
ခွပ်ဒေါင်းစိတ်ဓါတ်ကိုခွပ်ဒေါင်းတံခိုးကို
မနာလိုအညိုးထား
ချိုးဖြတ်သုတ်သင်ဖို့အစပြုမှုကို
အန်တုတော်လှန်တဲ့
အရေးတော်ပုံဖြစ်တယ် ။
ဇူလိုင်(၇)ရက်စိတ်ဓါတ်
်ခွပ်ဒေါင်းတောင်ပံခတ်သံအောက်က
ဗကသ ၊ တကသ ၊ ရကသနဲ့
အကသ ပေါင်းစည်းညီညွတ်
်ခွပ်လက်အစုံလက်ချင်းယှက်
သွေးစက်ခြင်းပါင်းစည်း
ရင်းနီးပေးဆပ်
မောင်းပြန်သေနတ်သံတွေကြား
ဒေါင်းအလံဝံ့ကြွားအဟုန်
မြေတုန်ဟီးလျှက်သိမ့်သိမ်းတည်း ။
အဓိပတိလမ်းမနဲ့
တက္ကသအဆောက်အဦး
ရွှေဘိုဆောင် သထုံဆောင်
အင်းဝဆောင် ဒဂုံဆောင်
တောင်ငူဆောင် မန္တလေးဆောင်
သွေးဆာလောင်နေတဲ့စစ်ဘီးလူးတွေရဲ့
ရိုင်းစိုင်းယုတ်မာမှုတွေကြားမှာ
ယမ်းဖုန်းကျဉ်သင့် ဓါဏ်ရာသင့်ခဲ့
အမိတက္ကသိုလ်ရဲ့ရင်နှစ်သည်းချာ
ကျောင်းသားရာကျော်
အသက်ပေးသွေးကြွေးမကြေ ဆပ်ပါလှဲ့ ။
ဇူလိုင်(၇)ရက်စိတ်ဓါတ်
သမဂ္ဂအဆောက်အဦးကို
စစ်ဘီလူးတို့ဖြိုဖျက်လှဲလည်း
ပြိုလည်းမသွားဒေါင်းများမသေ
ဒေါင်းတွေဖူးသစ်ခေတ်တိုင်းပျိုမြစ်တော်လှန်ဆဲ ။
ဇူလိုင်(၇)ရက်စိတ်ဓါတ်
တောင်ပံခတ်သံရှင်သန်ဖူးသစ်
အာဏာရှင်ခေတ်အဆက်ဆက်
်ခွပ်ဒေါင်းမျိုးဆက်မသေ
ဧရာဝတီမြစ်ရေဗမာပြည်တည်နေသမျှ
ခွပ်ဒေါင်းအလံနဲ့
သမဂ္ဂစိတ်ဓါတ်တောင်ပံခတ်သံနဲ့
ရှင်သန်ထမြောက်နေဦးမယ် ။ ။
(ဇူလိုင်(၇)အရေးတော်ပုံသူရဲကောင်းများနှင့်ခေတ်အဆက်ဆက်ခွပ်ဒေါင်းအာဇာနည်များသို့ ဤကဗျာဖြင့်ဦးညွှတ်ပူဇော်ပါသည် ။ )
နီလွင်သွေး(ဒဿနိက )၆ ၊ ၃၀ ၊ ၂၀၁၅
No comments:
Post a Comment