Monday, July 18, 2016

၆၉ နှစ်မြောက်အာဇာနည်နေ့အခမ်းနားအား အခြေခံကျောင်းသား/သူ များချီတက်အလေးပြု……………………

၆၉ နှစ်မြောက်အာဇာနည်နေ့ ချီတက်အလေးပြု ခြင်းအခမ်းအနားအား ပြည်မြို့ရှိ အကသ ကျောင်းသူ / ကျောင်းသားများ အလေးပြုခဲ့ကြပါတယ်။

Thursday, July 14, 2016

ပညာရေးစနစ်Cow = နွားမ ကို Cow = နွား လို့ သင်ခဲ့ရတတ်ပညာရေး ။Air အဲ လို့ အသံမထွက် ခဲ့ရပဲ Air အဲယား လို့ အသံထွက်ခဲ့ရတဲ့ ပညာရေး ။Where ၀ှဲ လို့ အသံမထွက်ပဲ where ၀ှဲယားလို့ အသံထွက်ခဲ့ ရတဲ့ပညာရေး ။It အစ်(ထစ် )Is အစ်စ် ကို အစ်အစ် လို့ လည်ပင်းညှစ်ခံရတဲ့အသံမျိုး ထွက်ခဲ့ရတဲ့ပညာရေး ။မောင်မောင်သည် ကျောင်းသား တစ်ယောက်ဖြစ်သည်ကို ဖြစ်ပါသည် လို့ရေးမိလို့ အမှတ်မရတဲ့ပညာရေး ။ဆရာတွေကို စော်ကားတာမဟုတ်ပါဘူး ၊ ပညာရေးကို ပြောချင်တာပါ ။မြန်မာပြည် ပညာရေးကို သိချင်ရင် အိန္ဒိယ ဇာတ်ကားတွေ များများကြည့် လက်တောက်လောက်ကလေးကနေ သေခါနီးအဖိုးကြီး အထိ စကားငါးခွန်းမှာတစ်ခွန်းကတော့ အင်္ဂလိပ်လိုပြောတာချည်းပဲ ။လေးတန်းကလေးက အင်္ဂလိပ်လို ရေးပြီး ခွင့်တိုင်နေရပီ။သူငယ်တန်းကနေ သင်ခဲ့ရတဲ့ အင်္ဂလိပ်စာ ကျောင်းပြီး တဲ့အထိ ၁၄ နှစ်တိတိ သင်ခဲ့ရတယ် နော် ။အင်္ဂလိပ်စာ ဖြောင့်အောင် ဖတ်တတ်တဲ့ကျောင်းသား အက်ဆေး လက်တာ ဖြောင့်အောင် ရေးတတ်တဲ့ကျောင်းသား speaking ဆိုတာ ထားလိုက်တော့ ၊ ရှားတယ် ။ အဲလို ဖြောင့်အောင် ရေးတက်ဖတ်တတ်ရင် ဂုဏ်ထူး သေချာနေပီ ။ ကျနော်တို့ကို စာသင်တဲ့ဆရာတွေကဘာလုပ်ရလည်းသိလားစာသင်တဲ့ဆီမရောက်ရဘူး ဘာသာပြန်ပဲ ဖြစ်နေတော့တာ ။ စာမေးပွဲမှာ မေးခွန်းလှည့်တယ် ဆိုပီးကျောင်းသားတွေ ညည်းကြတယ် ။ တကယ်က ဘာသာမပြန်တတ်ကြတာ ။ စာသင်ရမယ့် အချိန်မှာPhysics , Chemistry , Eng , Maths ,Bio , အားလုံး ကိုယ့်ဘာသာ ဖတ်ရမှာ မီးနင်းမသိဒစ်ရှင်နရီ ထဲကြည့်ရမှာ ။ ကျနော်တို့ တွေ ဆယ်တန်းသာ အောင်လာတာ ဘာ ဒစ်ရှင်နရီ မှ မကိုင်ဖူးဘူး။ဆရာသင်တာကို ခဲတံနဲ့ နောက်ကနေ ရှုပ်ပွနေအောင် အသေလိုက်မှတ်ရတယ် ။ မီးနင်းကို လိုက်မှတ်ရတော့ဥပမာ eng story တစ်ပုဒ် ဘာကို ဆိုလိုတာလည်း မသိတော့ဘူး ။တကယ်ဆို ဆယ်တန်းကျောင်းသားတစ်ယောက် eng စာကို ၁၀ နှစ်သင်လာတာ မဖတ်တတ်သင့်ဘူးလား ။နောက်တစ်ခုက ဖွံဖြိုးနေတဲ့ဦးနှောက်ကို သေအောင်လုပ်လိုက်တာ ။ hard disc လိုပဲ ထည့်ထားတာပဲ သိတယ် သူများထည့်ပေးသလောက်ပဲ ရတယ် ။ ကိုယ့်ဘာသာ သင်ယူရမှန်းမသိတော့ပဲ ဆရာပဲ အားကိုးရတော့တာ ။ဘာလဲဆိုတော့ဥပမာ နွားအကြောင်းသင်တယ် ။ ပြဌာန်းစာအုပ်မှာ နွားအကြောင်း ဆယ်ချက်ပါရင် အဲဒီဆယ်ချက်ပဲ မှတ်ထား ။ ကျန်တာမလိုတော့ဘူး ။ သိစရာမလိုဘူး ဖြစ်သွားတယ် ။ထားပါတော့ နွားသည် မြက်စားသည်ပြောင်းစားသည် ပြဌာန်းစာအုပ်မှာ ဒီလောက်ပဲ ပါတယ် ။ ကျောင်းသားက စာမေးပွဲမှာ နွားသည် ပဲနှစ်၊ ဖွဲ စားသည်လို့ ဖြေခွင့်မရှိဘူး။ မစားလို့လားဆိုပြန်တော့ မဟုတ်ဘူး စားတယ် ။ စားရင်ဘာလို့မှားတာလည်း စာအုပ်ထဲမပါတာ လျောက်မရေးနဲ့ ငတုံး ။တကယ်ဆို ဆရာကနေ မနက်ဖြန် နွားအကြောင်းသင်မယ်ဟေ့ သားတို့ သမီးတို့ သိသလောက် လေ့လာခဲ့ကြ ။ ကျောင်းမှာ ပြန်ပြီး ဆွေးနွေးမယ် ။ဆရာက မင်တို့မသိတာတွေကို ထပ်ပြောပြပေးမယ်၊ ဟုတ်ပီလား ။ ဒါမျိုးဖြစ်ရမှာ။ အခု ပညာရေးကတော့နားလည်စရာမလိုဘူး အလွတ်ရရင် အောင်တာပဲ ။ ဆယ်တန်းမှာလည်း ဒီလိုပဲ ကျက်အောင် ။ဆိုတော့ ဥာဏ်ကောင်းတဲ့သူတွေက ရှေ့က ရောက်သွားတယ် တကယ် တီထွင်နိုင်တဲ့ကလေးက နောက်ကဖြစ်နေတယ် ။ဥပမာ ကျနော် ပဲ ။ ကျနော်မူလတန်းကျောင်းသား ဘ၀က အင်္ဂလိပ်စာ မီးနင်း ကို ဆရာမဆီစာပြန်တဲ့အခါ အမြဲတမ်း နာရွက် ဆွဲခံရတယ် ။ ဗိုက်ခေါက် အလိမ်ခံရတယ် ။ ကောင်မလေးက ကျနော့် နားရွက်ကို ဆွဲပြီး ကျောင်းကို အမြဲ ပတ်ရတယ် ။ဒါပေမယ့် စာမေးပွဲ လပတ် ရော အတန်းတင်ရော မှာအဆင့် ၁ . ၂ .၃ ၀င်တယ် ။ ပြသနာက ကျောင်းမှာ မီးနင်းပြန်ရင်ကိုယ့်ဘာသာ အစဉ်လိုက် ရွတ်ပြန်ရတယ်ဥပမာ (1) Apple (2) Ball (3) Car ပဲထားပါတော့ ။ ကျနော်က အစဉ်လိုက်မမှတ်နိုင်ဘူး ။သူ့ရဲ့ အဓိပ္ပါယ်တွေ အားလုံးကိုသိတယ်ဘာပီးရင် ဘာဆိုတာ မရတာ ။ ကား လို့ အသံထွက်လိုက် ရတယ် ။ပန်းသီး လို့ မေးလိုက် apple သိတယ် ။ အက်ပဲ လို့ မေးမလား Apple သိတာပေါ့ ။ကျနော်မှာ အဲလောက်ဥာဏ်မကောင်းဘူး ။ နောက်တစ်ခုက သိနေပီးသား ဟာကို အစဉ်လိုက် မှတ်မိအောင် မကြိုးစားချင်တာပဲ။လိုသလား ဆိုတော့ မလိုဘူး ။ ကျနော့် သဘော အမြင်ကတော့ မူလတန်း အလည်တန်းကျောင်းသားလောက်ကတော့ စာတော်စရာမလိုဘူး အခြေခံကောင်း ပါဖို့ပဲ ။ ကျနော်သာ ကျောင်းဆရာ တစ်ယောက်ဆို အပို ဦးနှောက်စားရမယ့် အချိန်တွေကို ကစားခိုင်းပစ်မယ် ။ ဒါပေမယ့် ဘယ်အရာမဆို တွေးတတ်အောင်တော့ သင်ပေးမယ် ။ ဘယ်အရာ ဖြစ်ဖြစ် ဆရာသင်မှတတ်မယ် သိမယ် ဆိုတဲ့အတွေးဟာ သိပ်ပြီး မှားကြောင်းပြောမယ် ။ အဓိက ကတော့ ဦးနှောက်ကို မကန့်သတ်ဖို့ပဲ ။ တကယ်လို့ ကျောင်းဆရာ ဖြစ်ခဲ့မယ် ဆိုရင်ပန်ချီ သင်ပေးတဲ့ ပန်းချီဆရာ ဖြစ်ချင်တယ် ။ ပန်းချီရေး တဲ့သူတွေပဲ ကြည့်လေ ။ ဘယ်ရှုခင်းကိုပဲ ဖြစ်ဖြစ်ဆွဲတတ်တယ် ။ ပန်းချီဆရာတွေ ဆွဲသမျှ ပုံတွေ ရာထောင်ချီ နေတာကို တစ်ပုံချင်း ဘယ်ဆရာမှ မသင်ပေးဘူး ။ ဥပမာ တစ်ခုပြောမယ် ။ ပန်ချီဆရာ တစ်ယောက့်ကိုခေါ်ကျနော့်ပုံ ဆွဲပေးပါဆို ဆွဲပေးတတ်တာပဲ ။ခဗျားပုံဆိုလည်းဆွဲပေးတတ်တာပဲ ။ ယုန်၊ သစ်ပင် ၊ အသီး ၊ ကြောင် အကုန်ဆွဲတတ်တယ် ။ခဗျားပုံ ကိုသူဆွဲတတ်တာ ကျောင်းမှာ ခဗျားပုံ ကြီးချိတ်ပီး သင်ခဲ့ရလို့လား ။ ကျနော့်ပုံရော ၊ အားလုံး သူဆွဲတတ်နေတာပဲ။ဆရာက သင်လိုက်မှာကတော့ ဆေးရောင်းတွေ ဘယ်လိုစပ်ရတယ် ၊ ကောက်ကြောင်းကိုဘယ်လိုယူရတယ် ၊စုတ်တံကို ဘယ်လိုကိုင် ခဲတံကို ဘယ်လိုကိုင် စသည်ဖြင့်ပေါ့ ။ ဒီလောက်ပဲ သင်ရမှာပါ ။ ပုံအားလုံးဆွဲနိုင်ဖို့ကတော့ကိုယ့်ရဲ့ ပါရမီ တီထွင်မှု ကြိုးစားမှု ဒီသုံးခုပေါ်အခြေခံသွားမယ် ။ သင်တဲ့ပုံပဲ ဆွဲတတ်မှတော့ ဘယ်ပန်ချီဆရာ ဟုတ်လိမ့်တော့မလည်း ။ ကျနော်တို့ လည်း ဒီအတိုင်းအခြေခံရမယ် ဥာဏ်ပါရမီ ၊ တီထွင်တွေးခေါ်နိုင်မှု၊ကြိုးစားအားထုတ်မှု ။ ဒါကတော့ ကျနော်ရဲ့ ပုဂ္ဂလိက အမြင် ပါ ။ စာသင်တဲ့နေရာမှာကလေးတွေရဲ့ ဦးနှောက်ကိုမကန့်သတ်ပါနဲ့ တွေးလေကောင်းလေ ၊မှန်သလောက် အမှတ်ပေးပါ ။မိဘတွေ ဂုဏ်တု ဂုဏ်ပြိုင်လုပ်ချင်တာနဲ့ပဲ ကလေးတွေအပေါ်မှာ မတင်းကျပ်ပါနဲ့ တစ်ယောက်နဲ့တစ်ယောက် တစ်နေရာစီမှာ တော်ကြတာ ချည်းပါပဲ ။ ညံ့တဲ့ကလေးဆိုတာမရှိပါဘူး ။အဓိက ပြောချင်တာကတော့စားဝတ်နေရေးကြောင့်တော့ ဘယ်တော့မှ ကျောင်းဆရာ ဆရာမ မလုပ်ပါနဲ့ ။တကယ် ပဲ နာသုံးနာ နဲ့ ကျင့်ကြံနိုင်မှလုပ်ပါ ။ ကလေးဆိုတာ တိုင်းပြည်ရဲ့အနာဂတ်ပါ ကလေးတစ်ယောက် နစ်နာတိုင်း တိုင်းပြည်လည်း နစ်နာပါတယ် ။ကျနော့်ရေးခဲ့တဲ့စာဟာ ဆရာဆရာမများကို ရည်ရွယ်ပြောဆိုခြင်းမဟုတ်ပါ ။ နိမ့်ကျခဲ့ရတဲ့ ပညာရေးစနစ်ကိုပြောချင်တာပါ ။ ပြည့်ပြည့်စုံစုံ မရေးသားနိုင်ခဲ့တာတော့ကျနော့်ရဲ့ အားနည်းချက်ကြောင့်ပါ ။ အဲဒီအားနည်းချက်တွေကို ထောက်ပြဝေဖန်ဖို့ ဖိတ်ခေါ်ပါတယ် ။‪

#‎cdရဲမာန်‬‪#‎mtrollers

Thursday, July 7, 2016

၇ ဇူလိုင် အကသ စည်းရုံးရေးလက်ကမ်းစာဆောင်ဝေ

၇ ဇူလိုင်အခမ်းအနား အောက်မေ့ဖွယ် အခမ်းအနား (ပြည် - ရွှေတောင်) အခမ်းအနားများသို့ အခြေခံပညာကျောင်းသားများသမဂ္ဂ (ပြည်ခရိုင်) မှ တက်ရောက်ခဲ့ပြီး ၇ ဇူလိုင်အမှတ်တရအဖြစ် ရွှေတောင်မြို့နယ် အထက်တန်းကျောင်းရှေ့တွင် နေ့လည် ၁၂း၀၀ ခန့်အချိန်တွင် အခြေခံကျောင်းသားသမဂ္ဂ (ပြည်ခရိုင်) လက်ကမ်းစာဆောင်များဖြန့်ဝေခဲ့ပါသည်။

Friday, July 1, 2016

ဇူလိုင်(၇)ရက်ဥဒါန်း*******************

ဇူလိုင်(၇)ရက်ဥဒါန်း*******************

( အဆောက်အဦကိုသာဖြိုလို့ရမယ်
အမောင်တို့ရင်ထဲက
သမဂ္ဂစိတ်ဓါတ်ကိုတော့
ဘယ်သူမှဖြိုလို့မရဘူး )
(ဆရာကြီးသခင်ကိုယ်တော်မှိုင်း)
နေမဝင်အင်ပါယာ
ဖက်ဆစ်သံခွါ
အမျိုးသားဖက်ဆစ်ဝါဒ
အဓမ္မဝါဒီ
ဗမာပြည်အမှောင်ခေတ်
တပ်ဦးစစ်မျက်နာက
အစဉ်အလာသမိုင်း
မုန်တိုင်းထဲကဗ္ဗည်း
သွေးစည်းနီ၍ချီခဲ့သော
ဗမာပြည်လွတ်မြောက်ရေးတပ်ဦးအလံ
ံခွပ်ဒေါင်းအလံတော်အောက်က
တောက်ပခဲ့တဲ့ရာဇဝင်တွေ
ွဤမြေအနှံ့လွင့်ပျံ့စီးဆင်းခဲ့ ။
ဇူလိုင်(၇)ရက်ဆိုတာ
တော်လှန်ရေးကောင်စီအမည်နာမနဲ့
စစ်အာဏာရှင်စနှစ်ကို
ကန့်ကွက်တော်လှန်ရာမှ
ှအစပြုခဲ့တဲ့အရေးတော်ပုံဖြစ်တယ် ။
အစွယ်တပြူးပြူးထွက်နေတဲ့
ဗိုလ်နေဝင်းရဲ့စစ်ဘီးလူးတွေက
ကျောင်းသားသမဂ္ဂရဲ့သမိုင်းဝင်
အစဉ်အလာကောင်းနဲ့
ခွပ်ဒေါင်းစိတ်ဓါတ်ကိုခွပ်ဒေါင်းတံခိုးကို
မနာလိုအညိုးထား
ချိုးဖြတ်သုတ်သင်ဖို့အစပြုမှုကို
အန်တုတော်လှန်တဲ့
အရေးတော်ပုံဖြစ်တယ် ။
ဇူလိုင်(၇)ရက်စိတ်ဓါတ်
်ခွပ်ဒေါင်းတောင်ပံခတ်သံအောက်က
ဗကသ ၊ တကသ ၊ ရကသနဲ့
အကသ ပေါင်းစည်းညီညွတ်
်ခွပ်လက်အစုံလက်ချင်းယှက်
သွေးစက်ခြင်းပါင်းစည်း
ရင်းနီးပေးဆပ်
မောင်းပြန်သေနတ်သံတွေကြား
ဒေါင်းအလံဝံ့ကြွားအဟုန်
မြေတုန်ဟီးလျှက်သိမ့်သိမ်းတည်း ။
အဓိပတိလမ်းမနဲ့
တက္ကသအဆောက်အဦး
ရွှေဘိုဆောင် သထုံဆောင်
အင်းဝဆောင် ဒဂုံဆောင်
တောင်ငူဆောင် မန္တလေးဆောင်
သွေးဆာလောင်နေတဲ့စစ်ဘီးလူးတွေရဲ့
ရိုင်းစိုင်းယုတ်မာမှုတွေကြားမှာ
ယမ်းဖုန်းကျဉ်သင့် ဓါဏ်ရာသင့်ခဲ့
အမိတက္ကသိုလ်ရဲ့ရင်နှစ်သည်းချာ
ကျောင်းသားရာကျော်
အသက်ပေးသွေးကြွေးမကြေ ဆပ်ပါလှဲ့ ။
ဇူလိုင်(၇)ရက်စိတ်ဓါတ်
သမဂ္ဂအဆောက်အဦးကို
စ်ဘီလူးတို့ဖြိုဖျက်လှဲလည်း
ပြိုလည်းမသွားဒေါင်းများမသေ
ဒေါင်းတွေဖူးသစ်ခေတ်တိုင်းပျိုမြစ်တော်လှန်ဆဲ
ဇူလိုင်(၇)ရက်စိတ်ဓါတ်
တာင်ပံခတ်သံရှင်သန်ဖူးသစ်
အာဏာရှင်ခေတ်အဆက်ဆက်
်ခွပ်ဒေါင်းမျိုးဆက်မသေ
ဧရာဝတီမြစ်ရေဗမာပြည်တည်နေသမျှ
ခွပ်ဒေါင်းအလံနဲ့
သမဂ္ဂစိတ်ဓါတ်တောင်ပံခတ်သံနဲ့
ရှင်သန်ထမြောက်နေဦးမယ် ။ ။

(ဇူလိုင်(၇)အရေးတော်ပုံသူရဲကောင်းများနှင့်ခေတ်အဆက်ဆက်ခွပ်ဒေါင်းအာဇာနည်များသို့ ဤကဗျာဖြင့်ဦးညွှတ်ပူဇော်ပါသည် ။ )

    နီလွင်သွေး(ဒဿနိက )၆ ၊ ၃၀ ၊ ၂၀၁၅